.

ကွန်ပျူတာတစ်လုံး၏ အခြေခံအချက်အလက်များ


ရည်ရွယ်ချက်

ကွန်ပျူတာဖြင့် အိမ်တွင် စာရင်းပြုစုခြင်း၊ စာစီစာရိုက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ E-mail, Internet အသုံးပြုခြင်း၊ ဖျော်ဖြေရေးအဖြစ် Game ကစားခြင်း၊ သီချင်း၊ ရုပ်ရှင်ကြည့်ခြင်းစသဖြင့် ကွန်ပျူတာတစ်လုံးအား ကောင်းစွာ အသုံးချနိုင်သည်ဖြစ်ရာ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ ၀ယ်ယူအသုံးပြုရန် လိုအပ်ချက်ရှိလာပါသည်။Show/Hide

.

ပျားနှင့်ယင်



လောက၌တွင်
ပျားနှင့်ယင်ကို
ပမာပြုထား
မောင်ရှုစားလော့
ပျားကားအုံပြု
အရည်စု၍
ထားမှုလိမ္မာ
နောင်ချမ်းသာ၏....။
ယင်မှာသော်တုံ
ဝမ်းဝရုံမျှ
အုံကာသောက်စား
စုမထားဘဲ
ရှာငြားမပြတ်
မရ ငတ်၏....။
(လောက၌ လောကအလှ၊ လောကသဘာဝ၊ လောကအသိ ရှိကြပါစေ..။)
.

ရွက်လှ


ရွက်လှ
သူတကာဖူးအပွင့်နဲ့
မြူးစွင့်လို့ ၀ါဝါထည်
ကြွားကြရာဝယ်
ရွက်လှပင်ငယ်
ဖူးကွယ်လို့ပွင့်တုန်း

သူ့မှာလေ ပွင့်မဖူးပေမဲ့

မြလူးကာ ရွှေရည်ဖက်ပါတဲ့
အရွက်ပျိုနဂိုရှိကိုဖြင့်
့်
ပြိုင်မိရင် အမှန်ရှုံးမယ်လို့ကွယ်
ပြောလျက်သူပြုံး.....။
.

Windows XP, ၀င်းဒိုး(စ်) တင်နည်း



Windows XP Clean Installation

Computer အသုံးပြုသူတစ်ဦးအနေနဲ့ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ မလွဲမသွေကြုံတွေ့ရမှာက Computer ပျက်စီးမှုပဲ ဖြစ်ပါတယ်။ ကွန်ပျူတာဟာ အသုံးချခံ Electronic Device တစ်ခုသာ ဖြစ်တဲ့အတွက် သူ့ရဲ့ပျက်စီးမှုဟာ အထူးအထွေ အံ့သြစရာ မရှိပါ။ ပျက်စီးမှုကြုံတွေ့လာရင် ကျော်လွှားနိုင်ဖို့ ပြုပြင်မှု အတတ်ပညာကို မဖြစ်မနေ တတ်မြောက်ထားဖို့ အရေးကြီးတဲ့ ခေတ်ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
Computer ပျက်စီးမှု (၂)မျိုးသာ ရှိပါတယ်..။ ၎င်းတို့မှာ-

(1) Hardware
(2) Software ပျက်စီးမှုတို့ ဖြစ်ပါတယ်..။

Show/Hide

.