.

ပျားနှင့်ယင်



လောက၌တွင်
ပျားနှင့်ယင်ကို
ပမာပြုထား
မောင်ရှုစားလော့
ပျားကားအုံပြု
အရည်စု၍
ထားမှုလိမ္မာ
နောင်ချမ်းသာ၏....။
ယင်မှာသော်တုံ
ဝမ်းဝရုံမျှ
အုံကာသောက်စား
စုမထားဘဲ
ရှာငြားမပြတ်
မရ ငတ်၏....။
(လောက၌ လောကအလှ၊ လောကသဘာဝ၊ လောကအသိ ရှိကြပါစေ..။)
.

0 comments:

Post a Comment